အမျိုးသမီးနှင့် နည်းပညာဆိုင်ရာ ကဏ္ဍ

လက်တွေ့ လေ့ကျင့်သင်ယူမှုများ၊ သုတေသနဆိုင်ရာပုံပိုးမှုများနှင့် လုပ်ငန်းခွင် လေ့လာမှုများမှ တစ်ဆင့် အမျိုးသမီးများအား AI နှင့် နည်းပညာကဏ္ဍတွင် ဦးဆောင်နိုင်ရန် စွမ်းရည်မြှင့်တင်ပေးခြင်း။

အမျိုးအစားအလိုက် စစ်ထုတ်ရန်: အားလုံး (3) ထုတ်ကုန်များ (1) သုတေသန စာတမ်းများ (2)

မြန်မာနိုင်ငံ နည်းပညာနယ်ပယ်ရှိ အမျိုးသမီးများ အခန်းကဏ္ဍသုတေသနလေ့လာဆန်းစစ်ချက်

မြန်မာနိုင်ငံ၏ နည်းပညာကဏ္ဍတွင် လုပ်ကိုင်နေသော အမျိုးသမီးများ၏ လုပ်ငန်းခွင် အခြေအနေ၊ စိန်ခေါ်မှုများနှင့် အတွေ့အကြုံများကို ဖော်ပြသော အချက်အလက်များ။

ဘက်စုံသင်ယူမှု စွမ်းရည်မြှင့်တင်ခြင်း - Women in Technology (WiT) အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိသော အတွေ့အကြုံနှင့် သုံးသပ်ချက်များ

အွန်လိုင်း နည်းပညာ သင်တန်း (Bootcamps) များသည် လက်တွေ့နယ်ပယ်တွင် လိုအပ်နေသော ကျွမ်းကျင်မှုများကို ထိရောက်စွာ လေ့ကျင့်ပေးနိုင်ပါသည်။ သို့သော် သင်တန်းများ၏အောင်မြင်မှုသည် သင်တန်းသားများ၏အဆုံးထိ တက်ရောက်နိုင်မှုနှင့် သူတို့၏ ကိုယ်တိုင်ယုံကြည်မှုအပေါ်တွင် အများကြီး မူတည်လျက်ရှိပါသည်။ သို့ဖြစ်၍ သင်တန်းတစ်ခုကိုပြုလုပ်ရာတွင် လူတိုင်းနှင့် အဆင်ပြေနိုင်သော ပုံစံတစ်မျိုးတည်းပြုလုပ်၍ မရနိုင်ပါ။ အထူးသဖြင့် လျှပ်စစ်မီး မမှန်ခြင်း၊ အင်တာနက် အခက်အခဲနဲ့ လုံခြုံရေး စိုးရိမ်ရမှုများကြောင့်နည်းပညာ လက်လှမ်းမမီဘဲ ချန်လှပ်ခံထားရတဲ့ အသိုင်းအဝိုင်းများတွင် ကိုယ်တိုင်ယုံကြည်မှု လျော့နည်းနေတတ်သောကြောင့် သူတို့၏ ပကတိ အခြေအနေ၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမည့် သင်ကြားရေးပုံစံကို သီးသန့် ပုံဖော်ဖန်တီးပေးရန်လိုအပ်ပါသည်။

STEM လုပ်ငန်းခွင်ရှိ ကျား/မ တန်းတူညီမျှမှု - စစ်တမ်းအခြေပြု လေ့လာဆန်းစစ်ချက်

ဤသုတေသနသည် မြန်မာနိုင်ငံ၏ နည်းပညာကဏ္ဍတွင် လုပ်ကိုင်နေသော အမျိုးသမီးများ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အတွေ့အကြုံများနှင့် မျှော်မှန်းချက်များကို စစ်တမ်းအခြေပြု လေ့လာထားခြင်းဖြစ်ပါသည်။ ရလဒ်များအရ အမျိုးသမီးများအနေဖြင့် Mentorship အကန့်အသတ်ရှိခြင်း၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရခြင်းနှင့် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရာတွင် အတားအဆီးများကြုံရခြင်း စသောအခက်အခဲများကို အများဆုံးတွေ့ရှိရပါသည်။ နည်းပညာနယ်ပယ်တွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် တန်းတူညီမျှ အခွင့်အလမ်းများ တိုးတက်လာစေရန် ဘက်စုံပံ့ပိုးမှုများ ဆောင်ရွက်ပေးရန် လွန်စွာအရေးကြီးကြောင်းလည်း ဤလေ့လာချက်အရ သိရှိနိုင်ပါသည်။

← သုတေသနနှင့် ဖွံ့ဖြိုးရေး အားလုံးသို့ ပြန်သွားရန်