ပညာရေး ကဏ္ဍ

မြန်မာ ပြည်တွင်းရှိ အဆင့်မြင့် ပညာရေးကဏ္ဍတွင် ရှိနေသော ကွာဟချက်များ၊ နည်းပညာလက်လှမ်းမီမှုဆိုင်ရာ အခက်အခဲများနှင့် ပညာဆက်လက်ဆည်းပူးနိုင်သော နည်းလမ်းများကို လေ့လာခြင်း။

မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေးကဏ္ဍ၌ အွန်လိုင်း မှတစ်ဆင့် ပညာလေ့လာသင်ယူမှုရရှိခြင်းဆိုင်ရာ ကွာဟချက်ကို လေ့လာခြင်း

ဤသုတေသနသည် မြန်မာနိုင်ငံရှိ အွန်လိုင်း မှတစ်ဆင့် အဆင့်မြင့်ပညာရေး သင်ယူနေသော ကျောင်းသားကျောင်းသူများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဆန်းစစ်ထားပြီး လျှပ်စစ်မီး၊ အင်တာနက်လိုင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အခက်အခဲများနှင့် ကျား/မ ကွဲပြားမှုဆိုင်ရာ လူမှုကွာဟချက်များကို ဖော်ထုတ်ထားပါသည်။ စစ်တမ်းပါဝင်သူများ၏ အွန်လိုင်းသင်တန်းများ (အထူးသဖြင့် အသိအမှတ်ပြုလက်မှတ်သင်တန်းများ) တွင် တက်ကြွစွာ ပါဝင်သင်ယူမှုနှင့် YouTube၊ Google ကဲ့သို့သော အဓိက သင်ယူမှုပလက်ဖောင်းများ၏ အရေးပါသော အခန်းကဏ္ဍကိုလည်း မီးမောင်းထိုးပြထားပါသည်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ပကတိအခြေအနေနှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများ

ဤလေ့လာမှုသည် မြန်မာနိုင်ငံ (အထူးသဖြင့် ပညာရေးကဏ္ဍ) ၌ ကြုံတွေ့နေရသော ဒစ်ဂျစ်တယ် ကွာဟမှုများနှင့် ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းရေးတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဆန်းစစ်လေ့လာထားခြင်း ဖြစ်သည်။

← သုတေသနနှင့် ဖွံ့ဖြိုးရေး အားလုံးသို့ ပြန်သွားရန်